Love Your Father, not The Military Officer

This is a plea to the children of military upbringing, ex-military upbringing, the children who grew up with privilege that shrouded you from seeing your own privilege - the constant gifts that arrive at your house from officers wanting to gain favor with your family member clad in army green, the grand house with guards at the compound entrance, and the grand staircase you loved running up and down as a child. I know you. I am you. You love your father/mother/grandfather/(insert other family member you adore with a multitude of stars on his uniform you love to polish). How can you not? They’ve done nothing but right by you, they’ve given you affection, abundant food (your favorite snacks, those imported American snacks, those fruits from other states that you beg your nanny to cut and peel for you), an education (those tutors that come to your house everyday, polishing your school homework, your skills). You trust them. Maybe, you, growing up, did not know that the same father who lifts you up is also a person that keeps others downtrodden. Maybe, you are finding it hard to come to terms with it but know that the first step forward is to acknowledge the privilege you have. Only through acknowledging can we take the next step forward: using our privilege to empower those who did not and still do not have our luxury, to ensure that the circumstances surrounding the extreme inequality in our life opportunities and others’ do not continue to exist. You can make up for your privilege and you will. You are not a bad person; we do not choose our families. But we do choose where we stand, whether on the right side of history or not. You love your father; you do not love the military officer. Inherently you are a person who is lucky enough to be born into privilege, you did not ask for this, this conflicting narrative of who they are to you and who they are to others, keeping you enriched but impoverishing others. You did not choose this, I know. This is a plea, a plea to listen, listen truly to the cries of the people marching, listen to the movement. It is time for a reckoning, I beg you, take a stand. သင့်ဖခင်ကို ချစ်ပါ၊ စစ်တပ်အရာရှိကို မချစ်ပါနဲ့ ယခု စာက စစ်တပ်မိသားစုမှ ကြီးပြင်းလာသော၊ စစ်မှုထမ်းဟောင်းမိသားစုမှ ကြီးပြင်းလာသော၊ အခွင့်ထူးဖြင့် ကြီးပြင်းလာပြီး သင်တို့ ရရှိသည့်အခွင့်ထူးဖြစ်တဲ့ သင့်မိသားစု၏ အစိမ်းရောင်ဝတ်စုံကြောင့် မျက်နှာသာအပေးခံလိုသော အရာရှိများမှ အဆက်မပြတ်ရရှိသော လက်ဆောင်များ၊ သင့်ရဲ့ ခန်းနားတဲ့ အိမ်ဝင်ပေါက်ရှေ့မှ အစောင့်များ၊ သင့်ကလေးဘဝတစ်လျှောက် ပျော်ပါးစွာ အဆင်းအတက်ပြုလုပ်သော ခန်းနားတဲ့ လှေကားများ စတဲ့ အခွင့်ထူးများနဲ့ ကြီးပြင်းလာပြီး ရရှိသည့် အခွင့်ထူးကို နားမလည်သော သားသမီးများအတွက် အသနားခံစာဖြစ်ပါသည်။ သင်တို့ကို ကျွန်ုပ်တို့ သိပါတယ်။ ကျွန်ုပ်တို့ဟာ သင်တို့နဲ့ အတူတူပါပဲ။ သင်တို့သည် သင်တို့၏ ဖခင်၊ မိခင်၊ အဖိုး၊ (သင်နှစ်သက်စွာ အရောင်တင်ပေးသော ကြယ်ပေါင်းများစွာတပ်တဲ့ ယူနီဖောင်းဝတ်ဆင်သော အခြားမိသားစုဝင်များကို ထည့်) တို့ကို ချစ်ခင်မြတ်နိုးကြတယ်။ သင် မချစ်ပဲ ဘယ်လိုနေနိုင်မှာလဲ။ သင့် မိသားစုဝင်တွေဟာ သင်တို့အတွက် မကောင်းတာ ဘာများလုပ်လို့ပေးဖူးလို့လဲ။ သင့်ကို သင့်မိသားစုဝင်တွေက ချစ်ခင်မှုပေးတယ်၊ အစားအစာမျိုးစုံ (သင်နှစ်သက်တဲ့ သရေစာတွေ၊ အမေရိကန်က တင်သွင်းတဲ့ သရေစာတွေ၊ သင့် ကလေးထိန်းကို တောင်ပန်ပြီး လှီးခြမ်းအခွံခွာခိုင်းတဲ့ ပြည်ပမှ တင်သွင်းတဲ့ သီးနှံတွေ)၊ သင့် ပညာရေး (သင့်အိမ်ကို နေ့စဥ်လာရောက်သော ကျူရှင်ဆရာများ၊ သင့် ကျောင်းမှ အိမ်စာများ ကောင်းမွန်အောင် ပြုပြင်မွမ်းမံပေးသူများ၊ သင့် ကျွမ်းကျင်မှု ပညာရပ်များကို မြင့်တင်အောင် ကူညီသူများ) အတွက် အကောင်းမွန်ဆုံးလုပ်ပေးတယ်။ သင်ဟာ သူတို့ကို ယုံကြည်တယ်။ သင်ကြီးပြင်းခဲ့တဲ့အချိန်မှာ သင့်ကို ချီးမြှောက်တဲ့ သင့်ဖခင်ဟာ သူတစ်ပါးကို နှိမ်ချဆက်ဆံတာကို သင်အကယ်၍များ မသိခဲ့တာလား။ ဒါမှမဟုတ် သင်သိရက်နဲ့ လက်မခံတာလား။ သင့်ဖခင်ရဲ့ စိတ်ဓာတ်ကို လက်ခံဖို့ သင့်ရဲ့ ပထမခြေလှမ်းဟာ သင့်အထူးအခွင့်အရေးကို အသိအမှတ်မပြုရမှာ မို့လို့လား။ ဒါပေမယ့် သင့်အထူးအခွင့်အရေးကို သင်သိမှ သင်ဟာ ခြေလှမ်းနောက်တစ်လှမ်းလှမ်းနိုင်မှာပါ။ သင့်အထူးအခွင့်အရေးကို အသုံးပြုမှ သင့်လို့ အခွင့်အလမ်းအပြည့် မရှိခဲ့တဲ့၊ ယခုထိ မရှိသေးတဲ့ သူတစ်ပါးဘဝကို မြှင့်တင်နိုင်မှာပါ။ သင့်အခွင့်အရေးကို အသုံးပြုမှ သင်ဟာ သူတစ်ပါးရဲ့ ဖိနှိပ်ခံဘဝတွေရောက်အောင် ပြုလုပ်တဲ့ အခြေအနေတွေ မရှိအောင် လုပ်ဆောင်နိုင်မှာပါ။ သင့်ရဲ့ အထူးအခွင့်အရေးအတွက် သင်ပြန်လည်ပေးဆပ်နိုင်ပါတယ်။ သင် ပြန်ပေးဆပ် ရမှာပါ။ သင်ဟာ လူဆိုး တစ်ယောက် မဟုတ်ပါဘူး။ ကျွန်ုပ်တို့ မိသားစုကို ကိုယ်တိုင်ရွေးချယ်လို့မှ မရတာ။ ဒါပေမယ့် ကျွန်ုပ်တို့ ကိုယ့်ရပ်တည်ချက်ကို ကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်။ ကိုယ့်သမိုင်းရဲ့ စစ်မှန်တဲ့ လမ်းကြောင်းမှာ ရပ်တည်မယ် မရပ်တည်ဘူး ပေါ့။ သင်ဟာ သင့်ဖခင်ကို ချစ်ခင်မြတ်နိုးတယ်။ စစ်အရာရှိကို မချစ်ဘူး။ သင်ဟာ အထူးအခွင့်အရေးရနိုင်တဲ့ မိသားစုမှာ မွေးဖွားခဲ့တဲ့ အတွက် အလွန်ကံကောင်းပါတယ်။ သင့် မိသားစုကြောင့်လဲ သင့်မှာ သင့်မိသားစုက သင့်အတွက် ဘယ်လိုလူလဲ၊ သူတစ်ပါးအတွက် ဘယ်လိုလူလဲ၊ သင့်ဘဝကို မြှင့်တင်ပေးပေမယ့် သူတစ်ပါးဘဝကို နှိမ့်ကျအောင် ဆောင်ရွက်နေသူတွေဆိုတဲ့ အတွေးတွေ ရှိမှာပါ။ သင်ဒီဘဝကို သင်ကိုယ်တိုင် မရွေးချယ်ခဲ့တာ ကျွန်ုပ်တို့ သိပါတယ်။ ဒီစာဟာ ကျွန်ုပ်တို့ရဲ့ အသနားခံစာပါ။ သင့်တို့ ကျွန်ုပ်တို့ ပြောတာကို နားထောင်ကြပါ။ ပြည်သူတွေရဲ့ တောင်းဆိုမှုကို နားထောင်ကြပါ။ ပြည်သူတွေရဲ့ လှုပ်ရှားမှုကို စာနာကြပါ။ ယခု သင်တို့ ရွေးချယ်ရမယ့် အချိန်တန်ပြီ။ ကျွန်ုပ်တို့ တောင်းပန်ပါတယ်။ သင်တို့ ရပ်တည်ချက်ကို ရွေးလိုက်ပါတော့။

Love Your Father, not The Military Officer